ညောင်တုန်း မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက် နံရံကပ်ဘုတ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာ ပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများ အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ၊ အယ်လ်နီညိုဖြစ်စဉ်၏ ရာသီဥတုပူပြင်းမှု အကျိုးဆက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် ဆောင်ရန်ရှောင်ရန်များ စသည့် အပူဒဏ်အသိပညာပေး အကြောင်းအရာများ ပါဝင်သော နံရံကပ်ပြဘုတ်အား အများပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)