ကန့်ဘလူ မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဘာသာရပ်အတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ကာ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းကို မတ် ၂၀ ရက်က စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ Grade- 5 မှ Grade- 9 ထိ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းတွင် အခြေခံ အင်္ဂလိပ်စာ Grammar ရေးသားနည်း၊ ဝါစင်္က ရှစ်ပါး (Noun, Pronoun, Adjective… စသည့်) စကားလုံး အသုံးပြုနည်းများကို သေချာစွာသိရှိကာ အသုံးပြုတတ်စေရန် သင်တန်းနည်းပြဆရာ ဦးအေးကို(ဒုတိယအလယ်တန်းပြ)က သင်တန်းကာလ မတ် ၂၀ မှ ဧပြီ ၄ ရက်ထိ နေ့စဥ်နံနက် ၉ နာရှိမှ ၁၀ နာရီခွဲထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)