ကျွန်းလှ မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စစ်ကြောင်းကြီးငါးကြောင်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က တင်းတိန်ရံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး၊ လျှပ်စစ်ဓာတ်အားခနှင့် စိုက်ပျိုးစရိတ် ကြွေးကျန်များ ပေးဆောင်ရေး၊ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရာတွင်း ပူးပေါင်းပါဝင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ကျေးရွာလုံခြုံရေး ကြပ်မတ်ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ကျေးရွာအုပ်စုအတွင်း တံတားများအား ကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးရေး တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ