သာပေါင်း မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့၊ အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့ (၁/၂၀၂၃) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့၊ အဖိုးတန်သတ္တု ရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့အစည်းအဝေး (၁/၂၀၂၃) ပြုလုပ်ပြီး အဖိုးတန်သတ္တုရောင်းဝယ်သူများ မှတ်ပုံတင်လျှောက်ထားရန်အတွက် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ ပြုစုပေးပို့ရန်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ လျှောက်ထားလိုသူများ ရှိ/မရှိ အကြောင်းကြားစာ ထပ်မံထုတ်ရန်၊ အထွေထွေ ကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)