မြောင်းမြမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ

မြောင်းမြ မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို စကြာသီဟ-စကြာနန္ဒဘုရားဝန်း၊ ထွန်းညွန့်ရတနာဓမ္မာရုံ၌  ကျင်းပပြုလုပ်ခဲ့ရာ ပါဠိမထမပြန် စာမေးပွဲ ဒုတိယနေ့ကို ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပါဠိပထမပြန် စာမေးပွဲဒုတိယနေ့၌ ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို အကြီးတန်း ၂၇ ပါး၊ အလတ် တန်း ၁၃ ပါး၊ အငယ်တန်း ၄၇ ပါး၊ အခြေပြုမူ ၁၀၆ ပါး၊ စုစုပေါင်း ၁၉၃ ပါး ဝင်ရောက်ဖြေဆိုခဲ့ ကြောင်း သိရသည်။ ထို့အတူ အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ပါဠိဂုဏ်ထူးဘာသာရပ်ကို ရဟန်း ၉ ပါး ဆက်လက် ဖြေဆိုခဲ့‌ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေး ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဇေယျာလင်း(မြောင်းမြ)