ကလေး မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများအား ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးမောင်ကျော် ဓာတ်ပုံကျွမ်းကျင်(၂) မှ power director application ကို Downlord ဆွဲနည်း၊ Photo, Video များ ပြုပြင်ခြင်း၊ ထည့်သွင်အသုံးပြုခြင်း၊ စာတန်းထိုးခြင်း အကျယ်တဝင့် ရှင်းလင်းပြီး ဝန်ထမ်းများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)