တနင်္သာရီတိုင်းဒေသကြီးတွင် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ(၄၀၀)ပါး ဝင်ရောက်ဖြေဆို

ထားဝယ်  မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ စာဖြေဌာနများတွင် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ၌ (၄၀၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာဖြေဌာနတွင် ပထမအကြီးတန်း(၁၀)ပါး၊ ပထမလတ်တန်း(၉)ပါး၊ ပထမငယ်တန်း(၃၅)ပါး၊ အခြေပြုမူလတန်း(၆၄)ပါး၊ စုစုပေါင်း(၁၁၈)ပါး ဝင်ရောက်ဖြေဆိုပြီး မြိတ် စာဖြေဌာနတွင် (၁၉၈)ပါးနှင့် ကော့သောင်းစာဖြေဌာနတွင်(၈၄)ပါး ဝင်ရောက်ဖြေဆိုသည်။

အဆိုပါ စာမေးပွဲကို တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် နာယကဆရာတော်ကြီး များ၊ကြီးကြပ် ရေးဆရာတော်ကြီးများ၊ ပထမပြန်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)