နတ်မောက်မြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ ပါဋ္ဌိပထမပြန်စာမေးပွဲလာရောက်ဖြေဆိုသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နတ်မောက် မတ် ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ပါဋ္ဌိပထမပြန်စာမေးပွဲလာရောက်ဖြေဆိုသည့် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်းကို ယမန်နေက ဒီပင်္ကရာစာသင်တိုက်ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းကပ်လှူခဲ့ကြသည်။  

အဆိုပါ နေ့ဆွမ်းကပ်လှူဒါန်းရာတွင် စာဖြေသံဃာတော်(၁၃၉)ပါးနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား စာမေးပွဲမကျင်းပမီ ဆွမ်းများကပ်လှူခဲ့ကြပြီး မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေဝတ္ထုတို့ကိုလည်း ဒီပင်္ကရာစာသင်တိုက်ဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးကုဏ္ဍလထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများတို့မှ ကပ်လှူ၍ ရေစက်သွန်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

လှဝင်း