မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်

မြို့သစ် မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံမူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့သစ်မြို့အမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်း၌ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ( ၃၃) ဦး ဆရာမ(၂၅)ဦး စုစုပေါင်း သင်တန်းသား(၅၈)ဦးကို သင်တန်းနည်းပြဆရာ၊ ဆရာမ(၃၀) ဦးဖြင့်  မတ်လ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ(၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)