မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့မှ လမ်းညွှန်ဆိုင်းဘုတ်များ ဆောင်ရွက်ပြီးစီး

တနင်္သာရီ မတ်လ ၃၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက်  မောတောင်မြို့ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးအောင်က ဦးဆောင်ကြီးကြပ်လျက် မြို့တွင်းလမ်းများ (၁၀) လမ်း၏ လမ်းအမည် ဆိုင်းဘုတ်များကို ပြုလုပ်ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းအမည်ဆိုင်းဘုတ်များကို မောတောင်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေ (GRF)ခွင့်ပြုရန်ပုံငွေ (၂၇၂၀၀၀ဝိ/)ကျပ်ဖြင့်မောတောင်မြို့၏ အဓိက လမ်းမကြီး(၂)လမ်းနှင့် ၎င်းလမ်းမကြီးများနှင့် ဆက်သွယ်လျက်ရှိသော လမ်း(၈)လမ်း၊ စုစုပေါင်းလမ်း(၁၀)လမ်းအတွက် လမ်းညွန် ဆိုင်းဘုတ်(၁၆)ခုကို ဦးစားပေးဆောင်ရွက်ပြီးဖြစ်ကြောင်း မောတောင်မြို့ စည်ပင်သာယာ ရေးအဖွဲ့ တာဝန်ခံ ဦးမျိုးအောင်ထံက သိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)