ဘားအံမြို့နယ်တွင်  အခြေခံစားသောက်ကုန်များဆက်လက် ရောင်းချပေး

ဘားအံ မတ်  ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ရပ်ကွက်နေပြည်သူများ၏ မိသားစုများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက်  အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၇)ရပ်ကွက်၌ အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို  ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊  ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/- နှုန်းဖြင့်လည်းကောင်း၊  မြေပဲဆီတစ်ဗူးလျှင် ငွေကျပ်၄၀၀၀/- နှုန်းဖြင့် လည်းကောင်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ရပ်ကွက်နေပြည်သူများ၏ မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန်  သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်၍ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။                           

ခရိုင်(ပြန်/ဆက်)