နတ်မောက် မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေဆိုင်ရာ ပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းချက် (၁၃)ချက်၊ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပါက ပြစ်မှုဆိုင်ရာ ပုဒ်မအမျိုးအစားများ၊ မော်တော်ယာဉ်များမောင်းလျှင် ထိုင်ခုံ ခါးပတ်ပတ်ရန် သတိပေးဓာတ်ပုံများနှင့် ကာတွန်းရုပ်ပုံများစသည့် အကြောင်းအရာများ ပါဝင်သည်။ အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော် ဆိုင်ကယ်မောင်းနှင်သူများ၊ ယာဉ်ကြီးယာဉ်ငယ် မောင်းနှင်သူများအား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း