အုတ်ဖို မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ ကံသာယာကျေးရွာရှိ ကံသာယာကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်ကာ ကျေးလက်ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးသက်ဝင်းက အပူဒဏ်ကာကွယ်ရေးနှင့် အပူဒဏ်ကြောင့်ဖြစ်ပေါ်လာတတ်သောအခြေအနေများကို အရေးပေါ် ပြုစုပေးခြင်းအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ တာရှည်ခံသားဆက်ခြားရန်လိုအပ်မည့် သားများမိခင်(၃)ဦးအား (၅)နှစ်ခံလက်မောင်းတွင်းထည့် သန္ဓေတားဆေးထည့်ပေးခြင်း၊ သက်ကြီးဘိုးဘွားများနှင့် မကူးစက်တတ်သောနာတာရှည်ရောဂါရှိသူများ စုစုပေါင်း(၈၅)ဦးအား ဆေးကုသမှုပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခြင်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)