ကော့သောင်း မတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့က ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ဒုတိယနေ့ အဖြစ် ပစ္စည်းသဒ္ဒါဘာသာကို ဖြေဆိုလျက်ရှိသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥကဋ္ဌဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇန ဆရာတော်ကြီး များ၊ စာထောက်စာမဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ပစ္စည်းသဒ္ဒါဘာသာကို ကော့သောင်း မြို့နယ် စာသင်တိုက်အသီးသီးမှ စာဖြေသံဃာများဖြစ်ကြသည့် ပထမကြီးတန်း၇ပါး၊ ပထမလတ်တန်း ၅ ပါး၊ ပထမငယ်တန်း ၃၃ ပါး၊ အခြေပြုမူလတန်း ၃၉ ပါးတို့ အသီးသီးဖြေဆိုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)