ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်း မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ သရက်လိန်ကျေးရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ဒေါင်ဖန်နှင့် နွေစပါးစိုက်ပျိုးပြီးစီးမှုအားကြည့်ရှု၍လည်းကောင်း၊ ဒေါင်းမြတ်နားကျေးရွာ နွေစပါး(Drum Seeder)ဧက(၂၀၀)စိုက်အားလည်းကောင်း၊ သရက်လိန်ကျေးရွာအုပ်စု ခတ္ထိယကျေးရွာ မြစ်ရေတင်လုပ်ငန်းရေသောက်ဧရိယာအတွင်း နွေစပါးစိုက်ပျိုးပြီးစီးမှုအားလည်းကောင်း ကြည့်ရှု၍လိုက်အပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)