နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ထားဝယ်    မတ် ၃၀

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးထားသော ချေးငွေများအပေါ် စိစစ်တွေ့ရှိချက်များ၊ ချေးငွေနှင့်ပက်သက် သည့် လိုအပ်ချက်များ၊ ချေးငွေဆိုင်ရာအကြံပြုချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်နိုင်ဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေ ကြီးကြပ်ရေးကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့၊အတွင်းရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီးဦးမောင်မြင့်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲ မှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ် ရေးကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)