ဒိုက်ဦးမြို့တွင် လေပြင်းအန္တရာယ်၊ ငလျင်‌ဘေးအန္တရာယ်အသိပညာပေးပိုစတာများ စိုက်ထူ

ဒိုက်ဦး မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကန်တော်မင်္ဂလာတာဆုံနှင့် မြို့လည်သာသနာ့ဗိမ္မာန်ရှေ့၌ ယမန်နေ့နံနက်ပိုင်းက လေပြင်းအန္တရာယ်၊ ငလျင်‌ဘေးအန္တရာယ်အသိပညာပေးပိုစတာများကို စိုက်ထူခဲ့ပါသည်။ အဆိုပါပိုစတာများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စိုက်ထူခဲ့ကြသည်။

ပိုစတာများတွင် လေပြင်းအန္တရာယ်၊ ငလျင်‌ဘေးအန္တရာယ်မဖြစ်ပွားမီကြိုတင်ပြင်ဆင်ရန်၊ ဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးပါက သတိပြုလိုက်နာကြရန်အချက်များအား ဖော်ပြထားကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)