သနပ်ပင် မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် မြို့မပရိယတ္တိစာသင်တိုက် ရတနာဃရ၀ိဟာရဓမ္မာရုံ၌ မြို့နယ်သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် (၃၇)ကြိမ်မြောက်ပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းစာမေးပွဲ ဒုတိယနေ့ဖြေဆိုခြင်းကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း(၃)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၈)ပါး၊ အခြေပြုမူလတန်း(၂၇)ပါး၊ စုစုပေါင်း(၄၁)ပါး ဖြေဆိုလျက်ရှိသည်။ စာဖြေသံဃာတော်များအား မြို့နယ်ကြီးကြပ်ရေးသံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက စာဖြေသံဃာတော်များအား လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး (၃၇)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီ(၃)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)