ကေ့ာကရိတ် မတ် ၂၉
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူလေးများ ကာယ၊ ဥာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၁ နာရီ အချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။
ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ စာဖတ်သည့်အလေ့ အကျင့်များရရှိလာစေရန်၊ ပြည်သူ့ စာကြည့် တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ အသုံးချတက်စေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၅)တွင် ပါရှိသည့် အန္တရာယ်ရှိသောအချိုမှုန့်၊ ပဲပင်ပေါက်အစွမ်း အံမခန်း ခေါင်းစဥ်ပါအကြောင်းအရာတို့ကို ကျောင်းသူကျောင်းသားတစ်ဦးချင်းစီမှ ဖတ်ပြခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုပြင် ရေသန်ဘူးထောင်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသူ/သားများမှစိတ်ပါဝင်စား ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)