ချောက် မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အသင်းအဖွဲ့ ဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြတ်သူက အသင်းအဖွဲ့ဥပဒေနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးက ပရဟိတအသင်းအဖွဲ့များအပေါ် စည်းမျဥ်းကြီး ကြီးကြပ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် အသင်းအဖွဲ့ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များ၊ မှတ်ပုံတင်လျှောက်ထားရမည့်အသင်းအဖွဲ့များ၊ မှတ်ပုံတင်ခွင့်မရှိသောအသင်းအဖွဲ့များ၊ ဆောင်ရွက်နိုင်သည့်လုပ်ငန်းနယ်ပယ်၊ မှတ်ပုံတင်လျှောက်ထားရတွင် သတိပြုရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းအတွက် ကာလသတ်မှတ်ချက်များ၊ အသင်းအဖွဲ့၏အခွင့်အရေးများ၊ တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်ဒဏ်များ၊ မှတ်ပုံတင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများစုစုပေါင်း ၆၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)