လိပ်သိုဒေသတွင် ဒရင်ကောက်ရွက်နုများ လှိုင်လှိုင်ပေါက်ရောက်နေပြီဖြစ်

လိပ်သို  မတ်  ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက်လျက်ရှိရာ ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဒရင်ကောက်ရွက်များ လှိုင်လှိုင်ပေါက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ နွေရာသီကာလ ဒရင်ကောက်ရွက်ပေါ်ချိန်တွင် ဒရင်ကောက် အရွက်နုများကို ဒေသခံပြည်သူများက မိသားစုစားသုံးရန် လိုက်လံချိုးယူကြပြီး  ပိုလျှံသော ဒရင်ကောက်ရွက်နုများကို စားသုံးသူများထံ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိလျက်ရှိသည်။

ယခင်ကာလများက  ဒရင်ကောက်ရွက်များ လွန်စွာပေါများသောကြောင့် တစ်စီးကို ကျပ် (၅၀ဝိ/-)  သာရရှိခဲ့သော်လည်း အရသာကောင်းမွန်သည့်အတွက် စားသုံးသူနှစ်ခြိုက်လျက်ရှိရာ ယခုအခါ တစ်စီးလျှင် ကျပ် ၁၀၀ဝိ/- ရောင်းချရကြောင်း အလယ်ချောင်းကျေးရွာနေ ဒရင်ကောက်ရွက်နု ချိုးယူရောင်းချသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)