တောင်တွင်းကြီး မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၃ ခုနှစ် ပါဠိ ပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များ မှ နမောတဿ (၃)ကြိမ် ညီညာစွာရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ယနေ့ စာမေးပွဲဒုတိယနေ့တွင် ကစ္စည်း သဒ္ဒါကြီးဘာသာရပ်အား အခြေပြုမူလတန်း (၆၅)ပါး၊ ပထမငယ်တန်း (၅၈ )ပါး၊ ပထမလတ်တန်း (၂၆) ပါး၊ ပထမကြီးတန်း (၂၆)ပါး စုစုပေါင်း (၁၇၅)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် ဧပြီလ (၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာ သာသနာ့ဗိမာန်တော်ကြီးသို့ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှ ဆရာတော်သံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း စာဖြေသံဃာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)