ကလိန်အောင်မြို့တွင် ရာသီပေါ် မရမ်းသီးများစျေးကွက်တွင် စျေးကောင်းရရှိ

ကလိန်အောင် မတ် ၂၉

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း ဒေသထွက်ကုန်များတစ်ခုဖြစ်သည့် မရမ်းသီးများ လှိုင်လှိုင်ပေါများစွာ သီးသည့်အတွက် စျေးကွက်တွင်စျေးကောင်းများ ရရှိလျှက်ရှိ  သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  ကလိန်အောင်မြို့သည် ရေခံမြေခံအလွန်ကောင်းသော ဒေသတစ်ခုဖြစ်သည့်အတွက် သီးနှံများစောလျှင်စွာ ခူးဆွတ်ရောင်းချ နိုင်ပြီး ဒေသတွင်း စီးပွားရေး အဆင်ပြေလျက်ရှိပါသည်။

မရမ်းသီးသည် အစိမ်းသုပ်စားခြင်းဖြင့်လည်းကောင်း၊ ငါးနှင့်အချည်ရည် ချက်စားခြင်းဖြင့်လည်းကောင်း၊ ရင့်မှည့်လာပါက မရမ်းပြားအခြောက်ခံ၍ ယိုထိုးစားခြင်း၊  တာရှည်ခံ အောင် ဆားနယ်၍ အိုးစိမ်ပြီးလဲ စားသုံးနိုင်သော  အစားအစာတစ်မျိုးဖြစ်သည်။

ကလိန်အောင်မြို့တွင် မရမ်းသီးများပေါများစွာထွက်ရှိသဖြင့် ထားဝယ်မြို့‌ပေါ်နှင့်နီးစပ်သော ကျေးရွာများမှ လာရောက်ဝယ်ယူကြပြီး ပလပ်စတစ်ခြင်း‌တောင်း တစ်တောင်းလျှင် ၆၀၀၀ ကျပ်၊ နို့ဆီဗူးတစ်ဗူးလျှင် ၅၀၀ ကျပ် မရမ်းသီးအမှည့် (၁၀) လုံးဆိုရင် (၇၀၀) ကျပ်အထိရရှိပြီး ယနေ့နံနက်ပိုင်းတွင် ရောင်းချသောစျေးနှုန်းဖြစ်ကြောင်း သိရှိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)