အုတ်ဖိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ

အုတ်ဖို မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့လယ်ဓမ္မာရုံသာသနဗိမ္မာန်တော်ကြီး၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်ဆရာတော်ကြီးများ အမှူးပြုလျက် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းအလိုက် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များစုစုပေါင်း ၃၈ ပါးကြွရောက်ဖြေဆိုခဲ့ကြသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက် နေ့အထိ ၇ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများက စာဖြေဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာစာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်သူ အုတ်ဖို