ပေါက်ခေါင်း မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့်၁၂ နာရီက အ.ထ.က(ပေါက်ခေါင်း) စာဖြေဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ၂၈-၃-၂၀၂၃ ရက်နေ့တွင် အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီဘာသာရပ်၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်ဘာသာ/ဓမ္မပဒ၊ ပထမလတ်တန်းအတွက် ဒွေမာတိကာဘာသာ/ ဓမ္မပဒနှင့်ပထမကြီးတန်းအတွက် ဒွေမာတိကာ ဘာသာ/ဓမ္မပဒ ဘာသာရပ်များကို ဖြေဆိုတော်မူကြမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်းတွင် စာဖြေသံဃာ(၂၂)ပါး၊ ပထမငယ် တန်းတွင်စာဖြေသံဃာ(၃)ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာ(၃)ပါးနှင့် ပထမကြီးတန်းတွင် စာဖြေသံဃာ(၁)ပါး စုစုပေါင်း(၂၉)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားလျက်ရှိရာ ယနေ့တွင် အခြေပြုမူလတန်းမှ သံဃာ(၅)ပါးနှင့် ပထမလတ်တန်းမှ သံဃာ(၁)ပါး စုစုပေါင်း(၆)ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုနေမှုကို မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများနှင့် အဖွဲ့ဝင်ဆရာတော်များက ကြီးကြပ်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိဖြို့ဖများကသံဃာတော်များအတွက် ဆွမ်း၊ ကွမ်း၊ အချိုရည်များ စသည့် ဝေယျာဝစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)