အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ

အုတ်တွင်း မတ် ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်း အ.ထ.က ပညာသီရိခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလွင်က စနစ်သစ်ပညာရေးတွင်သတ်မှတ် ထားသည့်သင်ကြားရေးစနစ် မြင့်မားလာစေရေးနှင့်ကျောင်းသားကျောင်းသူများအား ထိရောက်စွာ ပြန်လည်သင်ကြားပို့ချနိုင်စေရေးအတွက် အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ဆွေးနွေးပို့ချခြင်းဖြစ်ကြောင်း သင်တန်းနည်းပြဆရာ ဆရာမများနှင့် သင်တန်းသားဆရာ ဆရာမများအား ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ ၂၈ရက်မှ ၃၁ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ ဆရာမ ၂၉ ဦးနှင့် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ  ၈၅၇ ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေမင်းရည်စော(ပြန်/ ဆက်)