ကျောက်တံခါးမြို့တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို

ကျောက်တံခါး  မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃-ခုနှစ်၊ ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲဒုတိယနေ့ကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စည်ပင်သာယာခန်းမ၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲ ဒုတိယနေ့တွင် ပထမကြီးတန်းသံဃာ(၁)ပါး၊ ပထမလတ်တန်းသံဃာ(၂)ပါး၊ ပထမငယ်တန်းသံဃာ(၃)ပါးနှင့် သီလရှင်(၁)ပါး၊ အခြေပြုမူလတန်းသံဃာ(၁၄)ပါး၊ သီလရှင် (၃)ပါး၊ ‌စုစု‌ပေါင်း သံဃာ(၂၀)ပါး၊ သီလရှင်(၄)ပါး ဖြေဆိုလျက်ရှိသည်။

စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)