ပလောက်မြို့ နယ်မြေရဲစခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများ သရုပ်ပြ

ပလောက်      မတ်  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်မြေရဲစခန်းဝန်းအတွင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နည်းများနှင့် မီးလောင်မှု၊ မီးလန့်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေး အခြေခံနည်းလမ်း၊ မီးငြှိမ်းသတ်နည်းများကို မြို့မီးသတ်တပ်ဖွဲ့ဝင်များက မတ်လ  ၂၉ ရက် နံနက် ၉ နာရီက သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နည်း၊ မီးငြှိမ်းသတ်နည်းများ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ရာတွင် ပလောက်နယ်မြေစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးမျိုးမြင့်အောင်က မီးလောင်မှု ဖြစ်ပွားရခြင်း ဖြစ်စဉ် အကြောင်းရင်းများနှင့် ရှေးဦးမီးငြှိမ်းသတ်နည်း ပစ္စည်းကိရိယာများ သုံးစွဲနည်း၊မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ် နည်းလမ်းများ၊ လျှပ်စစ်မီးအန္တရာယ် လုံခြုံရေး အစီအမံများ၊ ဌာနဆိုင်ရာရုံး မီးဘေး ကြုံတွေ့ရပါက အရေးကြီး ဦးစားပေး စာရွက်၊စာတမ်းများ ဘေးကင်းလုံခြုံ မပျက်စီးရေး စီမံဆောင်ရွက်ထားရှိ နည်းများအား ပလောက်နယ်မြေရဲစခန်းမှ ရဲအုပ်စိုးသိမ်းမြင့်နှင့်တပ်ဖွဲ့ဝင်များအား ရှင်းလင်း‌ပြောကြား ဆွေးနွေးခဲ့ကြသည်။

မီးသတ်တပ်ဖွဲ့ဝင်များအတူ တပ်ဖွဲ့ဝင်များကိုယ်တိုင် လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)