ကဝ မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၃)ခုနှစ် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊မူ)တန်း စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ကဝမြို့ စက်ကျောင်း ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း (၈)ပါး၊ ပထမလတ်တန်း (၁)ပါး၊ ပထမငယ်တန်း (၆)ပါး၊ အခြေပြုမူလတန်း (၉)ပါး၊ စုစုပေါင်း (၂၄)ပါး စာရင်းသွင်းထားသော်လည်း ဖြေဆိုသူ (၁၇)ပါးသာရှိပြီး အခြေပြုမူလတန်း (၇)ပါး ပျက်ကွက်ကြောင်း သိရသည်။
စာဖြေသံဃာတော်များအား မြို့နယ်ကြီးကြပ်ရေးသံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ ရပ်ဖများက စာဖြေသံဃာတော်များအား လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့ထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)