ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ပေါင်းတည် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် (၂၀၂၃ ခုနှစ်) အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီတွင် သကျမုနိမိုဃ်းကောင်းဘုရားကြီးဝင်းရှိ သာသနာ့ဗိမာန်တော်တွင်စတင် ကျင်းပသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့၌ ဝိနည်းဘာသာရပ်ကို ပေါင်းတည်မြို့နယ်အစိုးရ ပထမပြန်စာစစ်ဌာနတွင် စတင်ဖြေဆိုကြကြောင်းသိရသည်။ ယနေ့တွင် ပထမကြီးတန်း ဖြေဆိုသံဃာ၂ ပါး၊ ပထမငယ်တန်းဖြေဆို သံဃာ ၈ ပါး၊အခြေပြု မူလတန်း ဖြေဆို သံဃာအပါး၂၀ စုစုပေါင်း ဖြေဆို သံဃာအပါး ၃၀ ရှိကြောင်း၊ ပျက်ကွက်သံဃာအနေဖြင့် ပထမငယ်တန်းမှ၁ပါး၊ အခြေပြုမူလတန်းမှ ၃ပါး စုစုပေါင်း ၄ပါးရှိကြောင်း၊ဖြေဆိုရန် စာရင်းရှိ စုစုပေါင်းမှာ ၃၄ပါးဖြစ်ကြောင်းသိရသည်။

အဆိုပါ ပါဠိပထမပြန် စာစစ်ဌာနတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသ၊စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒိမာတို့နှင့်အတူ ကြီးကြပ်ရေးမှူးအဖြစ် ဦးမြဇော်တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ ဆက်)