အိမ်မဲမြို့နယ်တွင် မဟာသင်္ကြန်၌ ယိမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

အိမ်မဲ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မဟာသင်္ကြန်၌ ဗဟိုမဏ္ဍပ် တစ်ခုထားပြီး ယိမ်းအဖွဲ့ ()ဖွဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ()နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်တို့က ဗဟိုမဏ္ဍပ် တည်ဆောက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ရေပတ်ခံ မဏ္ဍပ်အတွက် ရေရရှိမည့်နေရာ၊ ယိမ်းအဖွဲ့ ယှဥ်ပြိုင်ရာတွင် ဆုချီးမြှင့်နိုင်ရေးတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသည့် မဟာသင်္ကြန်ကျင်းပနိုင်ရေး ကော်မတီဝင်များက ဗဟိုမဏ္ဍပ်  တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ယိမ်းအဖွဲ့များ ပါဝင်ယှဥ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်စည်းကမ်းများ၊ ရေရရှိနိုင်ရန် ရေတင်စက်များ ရရှိနိုင်မှု အခြေအနေများကို အသီးသီး ဆွေးနွေးပြောကြား ခဲ့သည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၃ခုနှစ် မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲများဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)