ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိ

ဓနုဖြူ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်မှစတင်၍ ငြိမ်း” လှိုင်ထိပ်ထား ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။

အဆိုပါ ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၈၅)ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင် (၄၆)ပါး၊ ပထမလတ်တန်းတွင် (၂၇)ပါး၊ ပထမငယ်တန်းတွင် (၆၉)ပါး၊ အခြေပြုမူလတန်းတွင် (၉၈)ပါး စုစုပေါင်း (၂၄၀)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ စုစုပေါင်း(၄၅)ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲကာလနေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲ ကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်အဖြစ် တစ်ပါးလျင် ငွေကျပ် ၂၀၀၀နှုန်းဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို မတ်လ (၂၈)ရက်နေ့မှ ဧပြီလ ()ရက်နေ့အထိ ()ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)