ကျုံပျော်မြို့နယ် ဘုရားကြီး ကျေးရွာတွင် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ကျုံပျော် မတ် ၂၉

ကလေးများ ယဉ်ကျေးလိမ္မာပြီး သားသမီးကောင်း ရတနာများ ဖြစ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် လှည်းဆိပ်အုပ်စု၊ ဘုရားကြီး ကျေးရွာတွင် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို ကျေးရွာရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတိုက်၌ မတ်လ ၂၉ ရက် နံနက် ၇ နာရီက စတင် ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းသို့  KG မှ Grade -5 အထိ  ကလေးငယ် စုစုပေါင်း (၁၇၀)ဦး တက်ရောက်သင်ကြားကြပြီး၊ သင်တန်းကို  မတ်လ ၂၉ ရက်မှ ဧပြီ ၁၃ ရက်နေ့ အထိ (၁၆)ရက်ကြာ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့  နွေရာသီ အားလပ်ရက်တွင် ကလေးငယ်များအတွက် ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ဘာသာရေး  အခြေခံများ၊ ကိုယ်စိတ်၊ နှလုံး  ယဉ်ကျေးလိမ္မာစေရန် အတွက် ပြုမှု နေထိုင်နည်းများကို ယခုကဲ့သို့  သင်ကြားပေးသည့် အတွက် မိဘများနှင့် နောင်အနာဂတ် ကလေးများအတွက် ဝမ်းမြောက်ကြောင်း၊   အထူးကောင်းမွန်သည့် သင်တန်းဖြစ်သည့်အတွက် နှစ်စဉ်ဖွင့်လှစ်သွားနိုင်ရေး ကြိုးစားသွားရန်လိုအပ် ကြောင်းဖြင့်ရပ်မိရပ်ဖ ဦးလှိုင်ထွန်းထံမှ သိရသည်။ 

လပြည့်ဦး(ပြန်/ဆက်)