ညောင်တုန်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ရဟန်း၊ သာမဏေနှင့် သီလရှင် (၁၃၀)ပါး ဝင်ရောက်ဖြေဆို

ညောင်တုန်း မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်က ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်၌ စတင်ကျင်းပရာ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း (၁၃၀)ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။

ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း(၂၃)ပါး၊ ပထမလတ်တန်း(၁၆)ပါး၊ ပထမငယ်တန်း (၄၁)ပါး၊ အ‌ခြေပြုမူလတန်း (၅၀)ပါး စုစုပေါင်း စာဖြေရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း (၁၃၀)ပါး ဖြေဆိုကြပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်းနှင့် စာမေးပွဲဖြေဆိုသည့် ကာလအတွင် အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)