မင်းလှမြို့တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

မင်းလှ  မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက အချိန်အခါမဟုတ်မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် ပြိုလဲပျက်ဆီးသွားသည့်နေအိမ်များမှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ဘေဘေးထောက်ပံ့ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးအောင်မိုးထွေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းတို့က မတ်လ ၁၃ ရက်နေ့က ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာပေါင်း(၁၆) ရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းလေပြင်းတိုက်ခတ်၍ ပြိုလဲပျက်ဆီးသည့်

နေအိမ်(၁၅)လုံးအတွက် ထောက်ပံ့ငွေ(၁၅)သိန်းကျပ်နှင့် ဆယ်ရေးပစ္စည်း(၁၇)မျိုး ပါဝင်သည့်ပလပ်စတစ်ပုံး(၁၅)ပုံး၊ အမိုးလန်ပျက်စီး ဆုံးရှုံးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၃၈၅၀၀၀) ကျပ်၊အိမ်‌ထောင်စု(၁၃၇)စု လူဦးရေ (၅၀၂)ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၁၀၅၄၂၀၀) ကျပ် စုစုပေါင်း (၇၉၃၉၂၀၀)ကျပ်အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အ‌ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (ပြန်/ ဆက်)