မင်းကင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

မင်းကင်း မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ က‌လေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို မင်းကင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် ဘာသာရပ်ဆိုင်ရာအလိုက် သင်ကြားနေကြသော ဆရာ၊ ဆရာမများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားသင်ယူမှုစွမ်းရည်များ မြင့်မားတိုးတက်ရေး၊ သင်ကြားသင်ယူမှု နှီးနှောဖလှယ်ခြင်း၊ အသိပညာ အတတ်ပညာများ မျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်စေရန် ဘာသာရပ်အလိုက် အခန်းပေါင်း ၆ ခန်းတွင် ဆွေးနွေးသင်ကြားပို့ချလျက်ရှိသည်။

အဆိုပါ သင်တန်းသို့ မင်းကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့်တွင် နည်းပြနှင့် ဆရာ၊ ဆရာမ ၄၇၃ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ၄ ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)