မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများကျင်းပ

မင်းဘူး မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်ကြားမှုစနစ်များနှင့် စွမ်းရည်များတိုးတက်မြင့်မားစေရန်အတွက် ဆွေးနွေးပို့ချခြင်းကို မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းခဲ့သည်။

အဆိုပါ စွမ်းရည်မြှင့်ဆွေးနွေးပို့ချခြင်းကို သင်တန်းဆရာ(၂၅)ဦးဖြင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ (၇၄၂)ဦးအား မတ်လ(၂၈)ရက်နေ့မှ (၃၁) ရက်နေ့အထိ ဆွေးနွေးပို့ချသွားမှာဖြစ်သည်။ ထိုသို့ သင်တန်းပေးပို့ချရခြင်းမှာ ဆရာ၊ ဆရာမများ၏ သင်ကြားမှုနည်းစနစ်များကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူလေးများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးမြသိန်းဌေးက ပြောပြသည်။

ဇေယျာထက်(မင်းဘူး)