နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း၊ အောက်တိုဘာ ၂

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် မလေးရှားနိုင်ငံမှ လာရောက်သည့် MV.LOCOMOTIOM သင်္ဘောပေါ်မှ သင်္ဘောသား(၂၁)ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှ လာရောက်သည့် M.V SUN NOBLE သင်္ဘောပေါ်မှ သင်္ဘောသား(၁၃)ဦး ၊တရုတ်နိုင်ငံမှလာရောက်သည့် MV.TW MANILA သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV SASEBO GLORY  သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MT GLOBAL MARS သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် M.V KOTA ANGGERIK သငေ်္ဘာပေါ်မှ သင်္ဘောသား(၁၀)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် M.V BARI GOLD သင်္ဘောပေါ်မှ သင်္ဘောသား(၁၉)ဦး စုစုပေါင်းသင်္ဘောခုနစ်စီးပေါ်မှ သင်္ဘောသား (၈၈) ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄) ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား(၈၈)ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.LOCOMOTIOM သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးခင်မောင်ထွန်းပါ သင်္ဘောသား (၂၁) ဦး ၊ M.V SUN NOBLE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသောင်းနိုင်အောင် ပါ  သင်္ဘောသား (၁၃) ဦး၊ MV SASEBO GLORY  သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသွင်ကိုကိုပါသင်္ဘောသား (၁၁) ဦး၊ MT GLOBAL MARS သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသာဒင်အောင်ပါ  သင်္ဘော သား (၁၁) ဦး၊ M.V KOTA ANGGERIK သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမြတ်ဦးပါ  သင်္ဘောသား (၉)ဦး၊ M.V BARI GOLD သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမင်းစိုးအောင်ပါ  သင်္ဘောသား (၁၇)ဦး၊ တို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်ပြီး MV.TW MANILA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့ သင်္ဘောသားများမပါရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)