မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်

မကွေး အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် အောက်တိုဘာ(၁)ရက်မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဲဒီလိုထုတ်ပြန်ရာမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုပြီး စစ်ဆေးမှုတွေလည်း ပြုလုပ ်ခဲ့ပါတယ်၊ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ အမည်စာရင်းဖော်ပြထားရှိမှု၊ မဲစာရင်းကြေညာ ထားရှိမှု အခြေအနေ၊ မဲစာရင်းမှာ နိုင်ငံသားမှတ်ပုံတင် ရှိ/မရှိ အခြေအနေများနဲ့ ယာယီသက်သေခံကတ် ကိုင်ဆောင် ထားရှိမှု အခြေအနေတို့ကို စစ်ဆေး ခဲ့ကြတာဖြစ်တယ်၊ ဒါ့အပြင် သေဆုံးသူစာရင်းပြုလုပ်ထားဖို့၊ အသံချဲ့စက်၊ Hand Speaker တွေနဲ့ နေစဉ်ကြေညာပေးဖို့၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများအတွင်းက ရာအိမ်မှူး၊ ဆယ်အိမ်မှူး တွေက မဲဆန္ဒရှင်စာရင်းတွေ မကျန်ရှိအောင် စစ်ဆေးသွားဖို့နဲ့ အခြားလိုအပ်ချက်တွေ စီမံဆောင် ရွက်ထားဖို့ကိုလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ ကော်မရှင်ဥက္ကဋ္ဌ အဖွဲ့ဝင်တွေကို လမ်းညွှန်မှာကြား ခဲ့ပါတယ်ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားခဲ့သည်။

မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်အထိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှာ ကြေညာပေးထားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် လာရောက်ကြည့်ရှုစစ်ဆေးပြီး အမည်စာရင်း ပါဝင်မှု ရှိ/မရှိ သေချာစွာကြည့်ရှုကာ လိုအပ်ချက်များ ရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို သတ်မှတ် ပုံစံများ ဖြင့် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)