ပဲခူးမြို့၌ နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

ပဲခူး မတ် ၂၉

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြ ပန်းချီဆရာမ ဒေါ်မေဒေးစိန်နှင့် သင်တန်းသား/သူများအား သင်တန်းဆင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်းသင်တန်း၌ သင်တန်းနည်းပြ ပန်းချီဆရာမ ဒေါ်မေဒေးစိန်က ပန်းချီအခြေခံရေးဆွဲနည်းများ၊ မျဉ်းကွေး၊ မျဉ်းဖြောင့်၊ လူပုံရေးဆွဲနည်း၊ ရှုမျှော်ခင်းပုံနှင့် စိတ်ကူးယဉ်ပန်းချီအနုပညာများ၊ ရေဆေးဖြင့် အရောင်စပ်နည်းများကို သင်တန်းသား/ သူ(၂၀) ဦးတို့အား စာတွေလက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်