ကျောက်တော် မတ် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၃ ခုနှစ် ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က မဟာကံကြီးရှင်ဘုရားကြီးအတွင်း စာဖြေသံ ဃာတော်များက ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပလျက်ရှိပြီး ကျောက်တော်စာဖြေဌာနတွင် စာဖြေသံဃာတော် ၉ ပါး ဝင်ရောက်ဖြေဆို လျက်ရှိရာ ဆရာတော်ကြီးများက ကြီးကြပ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ဖြေဆို ကြသည့် အကြီးတန်း၊ အလတ်တန်း စာဖြေသံဃာများသည် ဒွေမာတိကာဘာသာရပ်၊ အငယ်တန်း စာဖြေသံဃာများသည် ဘိက္ခုပါတိမောက် ဘာသာရပ်နှင့် အခြေပြုမူလ တန်း စာဖြေသံဃာများသည် ဝိနည်းကျင့်ဝတ် ဘာသာရပ်များအား ဖြေဆိုလျက်ရှိကြပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည် ဖြစ်သည်။
အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရာတွင် အကြီးတန်း (၁) ပါး၊ အလတ်တန်း(၁)ပါး၊ အငယ်တန်း(၂)ပါး၊ အခြေပြုမူလတန်း(၅)ပါး စုစုပေါင်း (၉) ပါး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာ့ရေးမှူးရုံးမှ သိရှိရသည်။
ခင်မောင်ထွန်း၊ကျောက်တော်(ပြန်/ဆက်)