စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံ၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်

စစ်ကိုင်း မတ် ၂၉

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ဒီဇယ်စက်ခေါင်းစက်ရုံ၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင်းရေးမွမ်းမံ သင်တန်း(၁/ ၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့က အဆိုပါစက်ရုံရှိ ရတနာခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အခြေခံမီးသတ် ဘာသာပညာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို တတ်မြောက်နားလည်ပြီး ကျွမ်းကျင်မှု ရှိစေရန်နှင့် အရေးပေါ် ဘေးအန္တရာယ်များ ဖြစ်ပွားသောအခါ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်နေသည့်ကာလမှာ မီးသတ်တပ်ဖွဲ့ဝင်များ အမျိုးသားရေးစိတ်ဓာတ်အပြည့်အဝနှင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ရအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာသည်အမျှ မီးသတ်တပ်ဖွဲ့ဝင်များလည်း ခေတ်နှင့်အညီ မြင့်မားတိုးတက်ကြမှာဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ဒီဇယ်စက်ခေါင်းစက်ရုံ ဒုတိယအထွေထွေမန်နေဂျာက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြေားခဲ့သည်။

အဆိုပါ မွမ်းမံသင်တန်းကို ရက်သတ္တပတ်(၂)ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေး သွားမှာဖြစ်ပြီး သင်တန်းသား (၂၆)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ ဒီဇယ်စက်ခေါင်းစက်ရုံ ဒုတိယအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်