ကျွန်းစု အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် အခြေခံ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားပြီဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်ထားကြေညာ ထားမည်ဖြစ်ပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းသည် (၁)သိန်း(၅)ထောင်ကျော်ရှိပြီး ဒုတိယအကြိမ် ကပ်ထားကြေငြာရာတွင် မဲဆန္ဒရှင်စာရင်း (၁)သိန်း (၁)သောင်း ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဒေါ်ချူးမျက်ခြယ် က ပြောသည်။
ကျွန်းစုမြို့တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံရှိပြီး မဲစာရင်းများကို Onlineတွင် https://findyourpollingstation.uec.gov.,mm/ မှတစ်ဆင့် ကြည့်ရှူ၍ မဲစာရင်းပါ အချက်အလက်များ မှန်/မမှန် စစ်ဆေးနိုင်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)