တနင်္သာရီ မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၇)ရွာ၊ (၁၇)ယူနစ်နှင့် ပတ်သက်၍ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
၎င်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အမှာစကားပြောကြားသည်။
ထို့နောက် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့ နယ်ဦးစီးမှူး ဒေါ်သူဇာမိုးက တနင်္သာရီမြို့နယ်အတွင်း (၂၀၁၄-၂၀၁၅ မှ ၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ထားရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၇)ရွာ၊ (၁၇)ယူနစ်နှင့်ပတ်သက်၍ ကျေးရွာတစ်ရွာချင်းအလိုက် လက်ရှိ တွေ့ကြုံနေရသည့် အခက်အခဲ၊ ပြသာနာများကိုချပြရှင်းလင်း တင်ပြပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များက စီမံကိန်းဆောင်လုပ်ငန်းများရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲ၊ ပြဿနာများနှင့်အားသာချက်၊ အားနည်းချက်များကို အပြန်အလှန်အကြံပြု ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)