ဓနုဖြူ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှဌေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်မှ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၀၇)ကျောင်းမှ ဆရာ၊ ဆရာမ စုစုပေါင်း (၉၄၉)ဦး တက်ရောက်ပြီး၊ သင်တန်းနည်းပြဆရာ၊ ဆရာမ (၃၃)ဦးဖြင့် မတ်လ (၂၈)ရက်နေ့ မှ မတ်လ(၃၁) ရက်နေ့အထိ၊ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ဆွေးနွေးသင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)