ဟိုင်းကြီးကျွန်း မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက် (၀၆း၄၅) နာရီအချိန်တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ စုပေါင်းတန်းစီကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းနှင့် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် ကြွရောက်လာသော ဧည်သည်တော်ကြီးများမှ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းတို့အား အလေးပြုခဲ့ကြပြီး ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းမှ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား မိန့်ခွန်းအား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အဆင့်တိုးမြှင့်ခြင်းခံရသော စစ်သည်များအား အဆင့် တံဆိပ်တိုးမြှင့်ပေးအပ်ခြင်း အခမ်းအနားကိုပါ ကျင်းပပြုလုပ်ပြီး ကြွရောက်လာသော ဧည့်သည်တော်ကြီးများအား နံနက်စာများဖြင့် တည်ခင်းခံကာ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများအား ဆက်လက် ကျင်းပပြုလုပ်ပြီး ပမ္မဝတီရေတပ်စခန်းဌာနချုပ် အရာရှိ၊ စစ်သည်မိသားစုများမှ ဝင်ရောက် ယှဥ်ပြိုင်ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ ဆက်)