တောင်ငူ မတ် ၂၈
ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ငူခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ရှေးဦးပြုစုခြင်း (အခြေခံ) အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်သီတာထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်း သဘောတရားအတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကိုပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်းနှင့် တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့်သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း စသည့်ဘာသာရပ်တို့ကို ၂၈-၃-၂၀၂၃ ရက်နေ့မှ ၃၀-၃-၂၀၂၃ ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အလယ်တန်းနှင့်အထက်တန်းအဆင့် သင်တန်းသား သင်တန်းသူ (၃၃) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)