နတ်မောက် မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးဌာနမှ ဦးဆောင်ကျင်းပသည့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဒု-မြို့နယ်ပညာရေးမှူး ဦးဖုန်းဟန်စန်းက အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ် မြို့နယ်အဆင့်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် ဘာသာရပ်အလိုက် လိုအပ်ချက်များ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းတို့ဖြင့် သင်ကြားသင်ယူမှု ပိုမိုထိရောက် အောင်မြင်စေရန် ဘာသာရပ်အလိုက် ပညာရည်ပြည့်ဝသော ဆရာ/မများပေါ်ထွန်းလာစေရန် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ် မြို့နယ်အဆင့် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများကို ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာ/မများနှင့် မူလတန်းပြဆရာ/မများ၊ အခြေခံမူလတန်းလွန်နှင့် အခြေခံ ပညာအလယ်တန်းကျောင်း (ခွဲ)မှ ဆရာ/မများ သင်တန်းသား/သူ (၇၄၇)ဉီးနှင့် နည်းပြဆရာ/မ (၂၃)ဦးတို့က ဘာသာရပ်အလိုက် သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မတ်လ(၂၈) ရက်နေ့မှ (၃၁)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း