ရွှေကျင်မြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား အမျိုးသမီးကျန်းမာရေးသုံးပစ္စည်းများအား လာရောက်ထောက်ပံလှူဒါန်းပေး

ရွှေကျင် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်တွင် ယာယီနေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် မြို့နယ်ကြက်ခြေနီအသင်းမှ အမျိုးသမီးကျန်းမာရေးသုံးပစ္စည်းများအား ယနေ့နံနက် ၁၀ နာရီအချိန်က လာရောက်လှူဒါန်းပေးကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်း‌ပေးသော အမျိုးသမီးကျန်းမာရေးသုံးပစ္စည်းများအား ရွှေကျင်မြို့နယ် ကြက်ခြေနီအသင်းမှ တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်တွင် လာရောက်ခိုလှုံနေကြသည့် စက်စု၊ သက္ကယ်ကုန်း၊ ရွာသစ်များမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၄၆၈)စုအတွက်  အိမ်ထောင်စုတစ်စုလျှင် စောင်၊ ခြင်ထောင်နှင့်အမျိုးသမီးကျန်းမာရေးသုံးပစ္စည်းများအား စုပေါင်းထည့်ထားသည့် ပစ္စည်းအိတ်များအား လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်တွင် လာရောက်ခိုလှုံနေကြသည့် စက်စု၊ သက္ကယ်ကုန်း၊ ရွာသစ်များမှ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု(၄၆၈)အား လာရောက်လှူဒါန်းပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)