၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်း   မတ်   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးတို့က အခြေခံပညာကျောင်းများတွင် သင်ကြားမှုသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်သင် ဆရာဆရာမတို့အနေဖြင့်  သင်ကြားမှုအရည်အသွေး မြှင့်တင်ပေးရန်နှင့် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူနှင့်အပြန်အလှန်ဆွေးနွေးကာ မိမိတို့သက်ဆိုင်ရာကျောင်းများတွင်လည်း ပြန် လည် အသုံးချသင်ကြားပို့သွားကြရန် စသည့်တို့ကို ပြေကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မိုးက ဆွေးနွေးပွဲနှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြေားကြားသည်။

ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် ဆရာကြီး ဆရာမကြီးနည်းပြ (၈)ဦး ဦးဆောင်၍ ဘုတ်ပြင်း မြို့နယ်အတွင်းရှိ မူလတန်းပြဆရာဆရာမ(၂၄၅)ဦး တို့က မတ်လ(၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)